Better Negotiator (Better Negotiator (ရလာဒ်ကောင်းတဲ့ ညှိနှိုင်းရေးသမားကောင်းဖြစ်လာစေဖို့))
သင်လိုချင်တဲ့ ရလာဒ်ကောင်းတွေရဖို့အတွက်ဆိုရင် ညှိနှိုင်းရေးပညာကို ကောင်းကောင်းအသုံးချတတ်ဖို့လိုပါတယ်။
သင်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် အနေနဲ့ Sales & Marketing ၊ HR ၊ Finance၊ စတဲ့ဘာသာရပ်တွေဘဲ အရေးကြီးတယ်ထင်ချင်ထင်နိုင်တယ်။ Professional တစ်ယောက်ဆိုရင် ကိုယ့်ဘာသာရပ်ကို ကျွမ်းကျင်ရင်ရပြီလို့ ထင်ချင်ထင်နေနိုင်တယ်။
သေချာစဥ်းစားကြည့်မယ်ဆိုရင် သင် ကြိုက်တဲ့လုပ်ငန်းလုပ်ပါ။ သင့်လုပ်ငန်းထဲမှာ သေချာပေါက် ညှိနှိုင်းရေးကို လုပ်ကိုလုပ်နေရတာဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။
ဝန်ထမ်းနဲ့လုပ်ငန်းရှင်ကြား၊ Supplier တွေ ဒါမှမဟုတ် customers တွေအပြင် တခြား ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လူတွေနဲ့ နေ့တဓူဝ ညှိနေရတာဘဲ။
လခကိစ္စ၊ ကုန်ပစ္စည်းတွေ၊ ကုန်ကြမ်းတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ဖို့၊ ကိုယ်ဖြစ်စေချင်တဲ့ Payment term နဲ့ ရဖို့ စသည့်ဖြင့် ညှိနှိုင်းနေရမှာဘဲ။
ညှိနှိုင်းရေးပညာကောင်းကောင်းတတ်တဲ့လူတွေကတော့ ကိုယ်လိုချင်တဲ့ရလာဒ်ကို တဖက်လူ လက်ခံလာအောင် မိတ်လဲပျက်စရာမလိုဘဲ ရယူနိုင်ကြပါတယ်။
ကျွန်တော်ကိုယ်တိုင် သိန်းခြောက်ရာကျော်ညှိနှိုင်းရေး၊ သိန်းလေးရာကျော်တန်ဖိုးရှိတဲ့ ညှိနှိုင်းရေးတွေအပြင် တခြား နေ့စဥ်ဘဝမှာပါ အသုံးချခဲ့တဲ့ လက်တွေ့အသုံးချလို့ရတဲ့နည်းလမ်းတွေကို Better Negotiator မှာ သင်သွားဖြစ်ပါတယ်။ စာတွေ့ မဟုတ်ဘူးဗျ။ လက်တွေ့သုံးခဲ့တာတွေ သင်မှာဖြစ်ပါတယ်။
ညှိနှိုင်းရေးမှာ ပရိယာယ်တွေအကြောင်း၊ ပါဝါတွေအကြောင်းနားလည်ရမယ်။ ဥပမာတစ်ခု ပြောမယ်ဆိုရင် တစ်ဖက်လူက ညှိနှိုင်းရေး စားပွဲဝိုင်းပေါ်မတက်လာခင်ကတည်းက စိတ်အားငယ်မှုဖြစ်အောင်လုပ်ထားတာမျိုးတွေလုပ်ထားနိုင်တယ်။
အများကြီးကျန်ပါသေးတယ်။
ညှိနှိုင်းခြင်းဟာ သိပ္ပံနည်းကျ အသုံးပြုရတဲ့ အနုပညာမြောက်တဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ Neurosciene ကတွေ့ရှိချက်တွေအပါအဝင် နိင်ငံရေး၊ စီးပွားရေးတွေမှာပါ အသုံးချနိင်တဲ့ နည်းလမ်းတွေကို ကျွန်တော် လေ့လာထားတဲ့ ကမ္ဘာကျော်စာအုပ် ၆ အုပ်က ကောက်နုတ်ချက်တွေလဲပါဝင်သွားမှာ ဖြစ်ပါတယ်။
Better Version က သင်တန်းတွေတက်ရောက်ခဲ့တဲ့လူတွေကတော့ သင်တန်းနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုမှာ ၁၀ မှာ ၉.၂ ရရှိထားပါတယ်။
တကယ်လို့ သင်ရဲ့ လုပ်ငန်းမှာ ညှိနှိုင်းရေးပညာကို ကောင်းကောင်းအသုံးချနိုင်လို့ ၂၀% လောက်ဘဲ ရလာဒ်တက်သွားမယ်ဆိုရင် ဒီသင်တန်းမတက်ဖြစ်ရင် နေ့တိုင်း ၂၀% ဆုံးရှုံးနေတဲ့သဘောပါဘဲ။
သင့်ရဲ့ ညှိနှိုင်းမှုတွေမှာ ရလာဒ်ကောင်းတွေရဖို့ စာတွေ့သာမက လက်တွေ့အသုံးချနိုင်တဲ့ နည်းလမ်းတွေသိရှိ အသုံးပြုချင်တယ်ဆိုရင် Better Negotiatior အတန်းကို တက်ပါ။
- 4.1 (258 ratings)
- Myanmar
- 44 Lessons
- 258 Students
What you’ll learn
ဒီသင်တန်းမှာ
➡️ ညှိနှိုင်းရေးတိုင်းမှာရလာဒ်ကောင်းတွေရအောင် ပြင်ဆင်နိုင်သွားမယ်။
➡️ တဖက်လူဆီကနေ ကိုယ်လိုချင်တဲ့ ရလာဒ်ကိုရအောင် သိမ်းသွင်းပြောဆိုနိုင်သွားမယ်။
➡️ ငွေကြေးနဲ့ သက်ဆိုင်ပြီး ညှိရတဲ့အချိန်မှာဆိုရင် သုံးလို့ရမယ့်နည်းလမ်းတွေသိသွားလိမ့်မယ်။
➡️ ရပ်တန့်သလိုဖြစ်နေတဲ့ အချိန်တွေကို ပြန်အသက်ဝင်အောင်လုပ်ပြီးတော့ ညှိနှိုင်းမှုတွေဆက်လုပ်သွားနိုင်မယ်။
➡️ သင့်လိုချင်တဲ့ရလာဒ်လဲ ရနိုင်တဲ့အပြင် တဖက်လူရဲ့ နှစ်သက်မှုတွေပါရအောင်လုပ်သွားနိုင်မယ်။
➡️ တဖက်လူက လိမ်နေတာမျိုးတွေ၊ ပရိယာယ်သုံးနေတာမျိုးဆိုရင် အကောင်းဆုံးပုံစံနဲ့ တုန့်ပြန်နိုင်လာမယ်။
➡️ အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်မယ့် နည်းလမ်းတွေသိလာမယ်။
➡️ ညှိနှိုင်းရေး ပရိယာယ်တွေအကြောင်းကို နားလည်သွားမှာ ဖြစ်တဲ့အတွက် ကိုယ်တိုင်သုံးနိုင်မှာ ဖြစ်သလို တဖက်ကသုံးလာရင်လဲ ချေဖျက်နိုင်မယ့်နည်းလမ်းတွေကိုသိသွားမှာဖြစ်ပါတယ်။